နေပြည်တော်၊  ၆  ဒီဇင်ဘာ

လောင်းလုံမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်၌  ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၄ ရက် ညနေ ၆ နာရီခွဲခန့်တွင် လောင်းလုံမြို့နယ်၊ ကဘူကျေးရွာနေ စည်သူထက်(ခ) ညီညီထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၄၉၅ ပြား ဖမ်းဆီးရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ကွင်းဆက်တရားခံ ဂေါ့အင်းကျေးရွာနေ စည်သူစိုးသန့်(ခ)ဇင်ကို၏ နေအိမ်အား ဒီဇင်ဘာ ၅ ရက်တွင် ဆက်လက်ဝင်ရောက်ရှာဖွေရာ ဩစတေးလျ နိုင်ငံထုတ် Glock 19 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၁၀ တောင့်၊ ကျည်အိမ် ၁ ခု၊ အရှည် ၃ ပေခွဲခန့် ခါးချိုးလေသေနတ် ၁ လက်၊ ခဲသီး ၃၅ လုံး၊ အရှည် ၃ ပေခွဲခန့်ဂက်စ်သေနတ် ၁ လက်၊ ဖန်ဂေါ်လီလုံး ၅၀ ၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၅ ၊ လက်ကိုင်ဖုန်း ၂ လုံး၊ မော်တော်ဆိုင်ကယ် တစ်စီးတို့ကိုလည်းကောင်း၊ သတင်းကွင်းဆက်အရ ၎င်းနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ကဒက်ကြီးကျေးရွာနေ ဝေလွင်ဦး၏ နေအိမ်အား ရှာဖွေရာ နေအိမ်နောက်ရှိ ဆိုင်ကယ်မှ ပွိုင့် ၂၂ ကျည်ထည့်လျက် လက်လုပ်ခါးချိုး သေနတ်အတို တစ်လက်တို့ကိုလည်ကောင်း သိမ်းဆည်းရမိခဲ့သဖြင့်  စည်သူထက်(ခ)ညီညီ၊ စည်သူစိုးသန့်(ခ)ဇင်ကို၊ ဝေလွင်ဦးတို့အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

သတင်းစဉ်