လောင်းလုံး အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီ တွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများ၊ ဆောင်းသီးနှံ မတ်ပဲနှင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးမည့် တောင်သူများအား (စတုတ္ထအကြိမ်) ယူရီးယား ဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနား ကျင်းပသည်။

ရှင်းလင်းပြောကြား

ဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျက အမှာစကားပြောကြားပြီး မြို့နယ် ဦးစီးမှူး ဦးဟိန်းထက်ပိုင်က ၂၀၂၅ ခုနှစ်အတွက် မိုးရာသီ မိုးစပါး ပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများ၊ ဆောင်းသီးနှံ၊ မတ်ပဲနှင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးနိုင်ရေးအတွက် (စတုတ္ထအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး‌ပေးအပ်ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျ၊ လောင်းလုံး မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝေလင်းမောင်နှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ယူရီးယား ဓာတ်မြေဩဇာများ ပေးအပ်ကြသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ မိုးရာသီ မိုးစပါး ပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ် စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ တစ်အိတ်လျှင် ငွေကျပ် ၄၆၀၀၀ နှုန်းဖြင့် စုစုပေါင်း အိတ် ၂၈၀ ကို ကျေးရွာရှိ တောင်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)