လောင်းလုံး ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခြင်းကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲများ ဖြေဆိုရာ၌ လောင်းလုံးမြို့နယ်ရှိ ကျောင်း ၃၁ ကျောင်းအနက် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၈၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၁၃ ဦး၊ အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ ၂၃ ဦး စုစုပေါင်း ၄၂၄ ဦးအား သက်ဆိုင်ရာ ကျေးရွာ စာသင်ကျောင်း များ၌ ဖြေဆိုခဲ့ကြောင်း လောင်းလုံးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သိန်းသိန်း(လောင်းလုံး)