မော်လမြိုင်ကျွန်း ၈ ဇွန်
မော်လမြိုင်ကျွန်းမြို့နယ်၊ ကျောင်းစုကျေးရွာတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ထောင်စုတစ်စုအား ယနေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် လေဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါပုံး (၁)ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုး ငွေကျပ် ၁၀၀၀၀ဝ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ၆၃၀ဝ ကျပ် စုစုပေါင်း ငွေကျပ် ၁၀၆၃၀ဝ အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး၊ တာဝန်ရှိသူများက လေဘေးသင့်အိမ်ထောင်စုထံ ပေးအပ်ခဲ့သည်။
သီတာအောင် (ပြန်ဆက်)


