ညောင်တုန်း အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် အောက်တိုဘာ ၁၇ ရက်က ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ခဲ့သည့် အမှတ်(၈)ရပ်ကွက်၊ ကြက်တူရွေးတောင်ကျေးရွာ၊ လက်ပံချောင်းကျေးရွာနှင့် ရွှေဒင်္ဂါး ကျေးရွာတို့ရှိ စုစုပေါင်းနေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ (၁၇)ဦးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၄၃၀၀၀၀)၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေကျပ် (၃၅၇၀၀)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ် (၄၆၅၇၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၄)ပုံးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစ္စည်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦး ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)