မယ်စဲ့ ၁၀ ဇန်နဝါရီ 

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာတွင် လေဆင်နှာမောင်း  တိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ပျက်စီးသွားသည့် အိမ်ရှင်ဦးကာလိုအား မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇန်နဝါရီ ၉ရက်က ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် ဘောလခဲခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဖြိုးစည်သူနှင့် မယ်စဲ့မြို့နယ် ယာယီဦးစီးမှူးရုံးမှ  အငယ်တန်းစာရေး ဦးမျိုးမင်းသန့် တို့က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်သွားသည့် နေအိမ်တစ်လုံးအတွက် ဆန် ရိက္ခာဖိုး  ထောက်ပံ့ငွေကျပ် ၆၃၀ဝ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၆၀ဝ၀ဝ၊ စုစုပေါင်းငွေကျပ် ၆၆၃၀ဝကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

ဝတ်ရည် (ပြန်/ဆက်)