လေဒီဂါဂါ ဆုရရှိပေမယ့် အချစ်ဆုံးမြင်းသေဆုံးခါနီး၍ ပွဲအတွင်းက အလျင်စလို ထွက်ခွာခဲ့ရ

လေဒီဂါဂါတစ်ယောက်တော့ ရုပ်ရှင်ဝေဖန်ရေးအဖွဲ့အစည်းက နှစ်စဉ်ပေးတဲ့ Critics Choice Award ဆုပေးပွဲမှာ အကောင်းဆုံးသီချင်းဆုကို A Star is Born ထဲက Shallow  ဆိုတဲ့သီချင်းနဲ့ရရှိခဲ့ပြီး အဲဒီနေ့ညရဲ့ ပထမဆုံးကြေညာတဲ့ဆုကို လက်ခံရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီနေ့မှာပဲ စိတ်မကောင်းစရာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဆုလက်ခံရယူပြီး စင်မြင့်ထက်မှာ ကျေးဇူးတင်စကား ပြောကြားပြီးတဲ့နောက် အလျင်စလိုပဲ ထွက်ခွာသွားခဲ့ရပါတယ်။

အကြောင်းကတော့ သူ့ရဲ့အချစ်ဆုံးမြင်းလေးဟာ သေဆုံးလုနီးအခြေအနေကို ရောက်နေပြီလို့ သတင်းစကားကြားခဲ့လို့ပါပဲ။ ဒါကြောင့် အချစ်ဆုံးမြင်းလေးကို နောက်ဆုံးနှုတ်ဆက်ဖို့ အချိန်ရောက်လာပြီဖြစ်တာကြောင့် ပွဲကနေအလျင်အမြန် ထွက်ခွာခဲ့ရတာပါလို့ လေဒီဂါဂါက ပြောပါတယ်။

လေဒီဂါဂါက သူ့ မြင်းနဲ့ ပတ်သက်ပြီး အမှတ်တရစကားတွေပြောဆိုရာမှာတော့ သူ့မြင်းဟာ အလွန်ကိုလှပကြောင်း၊ သူတို့အတူ ကုန်ဆုံးခဲ့တဲ့အချိန်တွေ၊ မြင်းလေးကို အစာကျွေးခဲ့ရတဲ့ အမှတ်တရတွေအားလုံးကို ပြန်သတိရနေတယ်လို့ ပြောခဲ့ပါတယ်။ လေဒီဂါဂါကတော့ သူ့ရဲ့ မြင်းမလေးဟာ သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျန်ရှိနေမှာဖြစ်ပါတယ်။ နာကျင်မှုတွေလည်း အမြန်ဆုံးအဆုံးသတ်ပါစေလို့ ဆုတောင်းစကားကို တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ Critics Choice Awar ဆုပေးပွဲ မှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို The Wife ဇာတ်ကားမှ ဂလင်းကလို့စ် A Star is Born ဇာတ်ကားမှ လေဒီဂါဂါတို့ပူးတွဲရရှိသွားတာပဲဖြစ်ပါတယ်။ ဘီဘီစီ