လေဒီဂါဂါကို ရုပ်ရှင်အကယ်ဒမီ အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်

အခုဆိုရင် လေဒီဂါဂါဟာ ရုပ်ရှင်သိပ္ပံနှင့် အနုပညာအကယ်ဒမီအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပါပြီ။ အကယ်ဒမီအဖွဲ့ကြီးဟာ ရုပ်ရှင်နယ်ပယ်က အနုပညာရှင် ၈၄၂ ဦးကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်း ခံရသူတွေကတော့ နိုင်ငံပေါင်း ၅၉ နိုင်ငံက အနုပညာရှင်တွေပဲဖြစ်ပါတယ်။

ပရိတ်တွေနဲ့ ရင်းနှီးပြီးသား အဖွဲ့ဝင်တွေပါသလို အကယ်ဒမီအဖွဲ့ကြီး ပိုမိုကျယ်ပြန့်လာဖို့ ဖိတ်ခေါ်ထားတဲ့လူတွေလည်း ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ဖိတ်ခေါ်ခံရတဲ့ အဖွဲ့ဝင်ထက်ဝက်ခန့်ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ လေဒီဂါဂါဟာ A Star Is Born ဇာတ်ကားနဲ့ အော်စကာဆုကို ပူပူနွေးနွေးရရှိထားပြီး ရုပ်ရှင်သရုပ်ဆောင်ပိုင်းအရရော၊ ဂီတပိုင်းအရရော ကျွမ်းကျင်တဲ့အတွက် အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ခံခဲ့ရပါတယ်။ 

နောက်ပြီး Spider Man သရုပ်ဆောင် တွမ်ဟော်လန်၊ စတာလင်ကေဘရောင်း၊ ဝင်စတန်ဒူ့ခ်တို့ဟာလည်း အကယ်ဒမီအဖွဲကကြီးရဲ့ နောက်ထပ်ဖိတ်ခေါ်ခြင်းခံရတဲ့ အနုပညာရှင်တွေပါပဲ။ အကယ်ဒမီအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်ပေါင်း ၆၀ဝ၀ ခန့်ဟာ အော်စကာဆုအတွက် မဲပေးမှုတွေကို လုပ်ဆောင်တာပဲဖြစ်ပါတယ်။

စီအင်န်အင်န်