၁၂ ဇူလိုင်
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက အစိုးရတပ်နဲ့ ဂျီဟတ်တိုက်ခိုက်ရေးသမားတွေကြားက တိုက်ပွဲတွေ အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်နေတဲ့ နေရာလေးနေရာကို လေကြောင်းကနေ တိုက်ခိုက်မှု ဒဏ်ခံခဲ့ရ တဲ့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ် က ရှုတ်ချလိုက်ပါတယ်။
မနေ့ (ကြာသပတေးနေ့) တစ်နေ့တည်းတွင် အရေးပေါ်စင်တာ တစ်ခု၊ ဆေးခန်းတစ်ခန်းနဲ့ ဆေးရုံ နှစ်ရုံကို လေကြောင်းက တိုက်ခံမှုကို ခံခဲ့ရကြောင်း သိရပါတယ်။

အများပြည်သူနဲ့ အများပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတွေဟာ ကာကို ကာကွယ်ရမယ့်နေရာ ဖြစ်တယ်။ ပဋိပက္ခအတွင်းမှာ ပါဝင်ပတ်သတ်နေသူတိုင်းက နိုင်ငံတကာလူ့အခွင့်ရေးဥပဒေအောက်မှာရှိတဲ့ နေရာတွေကို လေးစားရမယ်လို့ ကုလ အတွင်းရေးမှူးချုပ် က ပြောဆိုလိုက်ပါတယ်။
ရုရှားထောက်ပံ့ပေးထားတဲ့ ဆီးရီးယားတပ်တွေက အိုက်ဒလစ်ဒေသကို ထိန်းချုပ်ထားတဲ့ ဂျီဟတ်အုပ်စုကို ချေမှုန်းတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလကစပြီး ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားရှိ လူအခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
နိုင်ငံအနောက်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ ဂျီဟတ်တိုက်ခိုက်ရေးသမားတွေကြားက တိုက်ပွဲတွေအတွင်းမှာ ဂျီဟတ်တိုက်ခိုက်ရေးသမား ၁၀ဝ ကျော် မနေ့ (ကြာသပတေးနေ့) တစ်ရက်မှာ အသတ်ခံခဲ့ရကြောင်း စစ်ပွဲလေ့လာသူတွေက ပြောပါတယ်။
MDN
ကိုးကား - AFP
