မန္တလေး ၂၂ ဇွန်
လေးကြိမ်မြောက် Miss Universe Mandalay ပြိုင်ပွဲကို ယခုလ ၂၈ ရက်မှာ ကျင်းပမည်ဖြစ်ကြောင်း Maran Entertainment မှ သိရသည်။
4th Miss Universe Mandalay ပြိုင်ပွဲကို မြို့တော်ခန်းမတွင် ည ၇ နာရီမှ ၁၀ နာရီအထိ ကျင်းပမည်ဖြစ်သည်။ "တက်ကြွလှပပြီး ထက်မြက်တဲ့ မြန်မာ့အမျိုးသမီးများကို ကမ္ဘာ့စင်မြင့်ထက်မှာ အရည်အသွေး ပြည့်မှီစွာနဲ့ မြန်မာ့ဂုဏ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်" ဟု Maran Entertainment ၏ စီအီးအို မရန်ဆိုင်းနော်မှ ပြောသည်။
ပြိုင်ပွဲတွင် winner ရရှိသူအား စိန်သရဖူ ချီးမြှင့်မည်ဖြစ်ပြီး ၊ Miss Universe Myanmar 2019 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ၊ နာမည်ကြီးဒီဇိုင်နာများ၏ အဝတ်အထည်များကို တစ်နှစ်တာ အခမဲ့ဝတ်ဆင်ခွင့် ၊ Oracle Clinic တွင် တစ်နှစ်တာ အသားအရည် ထိန်းသိမ်းခွင့်အပြင် အခြားခံစားခွင့် စုစုပေါင်း ကျပ်သိန်း ၁၀၀ ခန့် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဒီဇိုင်နာ မျိုးမင်းစိုးမှ မြန်မာဝတ်စုံများ ဆင်ယင်ပေးသွားမည်ဖြစ်ပြီး ညနေခင်း ဝတ်စုံများကို ဒီဇိုင်နာ Zaw Seng (Man Made)မှ ပံ့ပိုးသွားမည်ဖြစ်သည်။
First Runner up ရရှိသူကို ငွေကျပ် ၁၀ သိန်းနှင့်ညီမျှသော ဆုကြေးငွေနှင့်ပစ္စည်းများ ၊ Second Runner Up ရရှိသူကို ငွေကျပ် ၅သိန်း နှင့်ညီမျှသော ဆုကြေးငွေနှင့် ပစ္စည်းများ ချီးမြှင့်မည်ဖြစ်ပြီး အခြား Title ဆုများလည်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်က ကျင်းပသည့် တတိယအကြိမ်မြောက် Miss Universe Myanmar winner ဆုကို နိုထက်ထက်နိုင် က ရရှိခဲ့သည်။
အိမို့မို့ခိုင်