စစ်ကိုင်း ၆ စက်တင်ဘာ


ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်ရှိ  သမိုင်းဝင် ပထမ စစ်ကိုင်းကျောက်တော်ကြီး၊ လေးကျွန်းမာရ်အောင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပင့်သံဃာအပါး (၅၄၀) ကျော်နှင့် သီလရှင် အပါး (၅၀ဝ)ကျော်တို့ အား ဆွမ်းကြီးလောင်းလှူခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။


သမိုင်းဝင် ပထမ စစ်ကိုင်းကျောက်တော်ကြီး၊ လေးကျွန်းမာရ်အောင် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၁၀၇)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး ယခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပင့်သံဃာ အပါး ၅၄၀ ကျော်တို့အား ဆွမ်းတော်ကြီး လောင်းလှူခြင်း၊ အပေါ်တင်ပစ္စည်းနှင့် ဗလာမပါ မဲပဒေသာပင်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် သီလရှင်အပါး ၅၀ဝ ကျော်တို့အား တစ်ပါးလျင် ၃၀ဝဝ ကျပ်နှုန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သရသည်။   


ကိုမင်း(အင်းတော်)