၁၅ မေ

အမေရိကန်နိုင်ငံ နယူးယောက်က လေလံပွဲမှာ ကမ္ဘာကျော် ပြင်သစ်ပန်းချီဆရာကြီး ကလောက်ဒီ မိုနေးရဲ့ ကောက်ရိုးပုံလို့ အမည်ရတဲ့ပန်းချီကား တစ်ကားကို က အမေရိကန်ဒေါ်လာ ၁၁၀.၇ သန်း နဲ့ ဝယ်သွားကြောင်း သိရပါတယ်။ 

ဆိုသည်ဘစ်လေလံပွဲမှာ ရောင်းချခဲ့တဲ့ မိုနေးပန်းချီကားဟာ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ် က တင်ခဲ့တဲ့ လေလံဈေးထက် ၁၀ ဆမြင့်တဲ့ ဈေးရတာ ဖြစ်ပါတယ်။ ဒါဟာ ပထမဦးဆုံးအကြိမ် အင်ပရက်ရှင် ပန်ချီကားတစ်ချပ်က ဒေါ်လာ သန်း ၁၀ဝ ကျော်ခဲ့တာလို့ သိရပါတယ်။ 

မိုနေးက ၁၈၉၀-၁၈၉၁ ခုနှစ် ဆောင်းတွင်းပိုင်းမှာ သူနေထိုင်ရာ ပြင်သစ်နိုင်ငံ နော်မန်ဒီ မှာ ကောက်ရိုးပုံပန်းချီကားချပ်ပေါင်း ၂၅ ချပ်ကို ရေးဆွဲခဲ့ပါတယ်။ အဲဒီ ကောက်ရိုးပုံ ပန်းချီကားတိုင်းမှာ အလင်းနဲ့ ပတ်ဝန်းကျင်ရှိ ရာသီဥတုတွေကို တစ်ကားခြင်းစီက ပြသသွားတာကို တွေရပါတယ်။ 

၂၀၁၆ ခုနှစ် နိုဝင်ဘာလ နယူးယောက်ရှိ ခရစ်တီးလေလံပွဲမှာ မိုနေးရဲ့ ကောက်ရိုးပုံ ပန်းချီနောက်တစ်ကားကတော့ ၈၁.၄ သန်းနဲ့ ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ 

မိုနေးရဲ့ ပန်းချီးဟာတွေဟာ နှစ်ပေါင်း ၁၅၀ ရှိပေမယ့် သူတို့ဟာ စွဲဆောင်မှုရှိနေဆဲ ဖြစ်တယ်လို့ ဆိုသည်ဘစ် လေလံပွဲက ဂျူလီယန် ဒါဝီက ပြောပါတယ်။

MDN
ကိုးကား - AFP