လေးမျက်နှာ ၂၉ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ် ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ စက္ကူခေါက်၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ အသိပညာပေး ပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်ပြီး ကလေးစာပေ ပွဲတော်သို့ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ရွှေမိုး(ပြန်/ဆက်)