လေးမျက်နှာမြို့ ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် စည်ကားစွာ ကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိ

လေးမျက်နှာ ၃၀ နိုဝင်ဘာ   

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော  ကလေးစာပေ ပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဒီဇင်ဘာ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ နှစ်ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

အဆိုပါကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတွင် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ အခြေခံပညာဦးစီးဌာနပြခန်း၊ မြို့နယ်ရဲတပ်ဖွဲ့ပြခန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနပြခန်း အစရှိသည့် မြို့နယ်ပြခန်းများ အပြင်ကလေးစာဖတ်ခန်းနှင့် ရွေ့လျား ကလေးကစားကွင်းများ ထည့်သွင်း စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ စကားပုံဆက်စသည့်ပြိုင်ပွဲများနှင့် ကျောင်းပေါင်းစုံ ပဒေသာကပွဲ အစီအစဉ်များ/ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ စာအုပ်ဈေးရောင်းပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်း ကျင်းပသွားရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

 

သတင်း- မြို့နယ် ( ပြန်/ဆက်)

ဓာတ်ပုံ- အောင်သူဟန်၊ စိုးမင်းဦး