လေးမျက်နှာ ၂၆ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့၏ ကျက်သရေဆောင် အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် ထူပါရုံစေတီတော်မြတ်ကြီးအား ကမ်းပြိုကမ်းစားမှုကြောင့် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အရေးပေါ်ရန်ပုံငွေဖြင့် (ACE Geoformer) နည်းပညာဖြင့်ကမ်းပြို ကာကွယ်ရေး လုပ်ငန်းရှင်းလင်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ဘုရားဓမ္မာရုံကြီးတွင်ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်း/ခရိုင် ရေအရင်းအမြစ်ညွှန်ကြားရေးမှူးများမှ မြစ်ကမ်းထိမ်းသိမ်းရေးသမိုင်းကြောင်းနှင့် ဆောင်ရွက်မည့် အစီအမံများ ဖြစ်ပေါ်နိုင်သည့် အခက်အခဲများနှင့် ဖြေရှင်းသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး CREATION ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာက ကျောက်ဖျာခင်းခြင်းလုပ်ငန်းနှင့် ကမ်းပြိုကမ်းစားလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြ၍ မရှင်းလင်းသည့်အချက်များ သိလိုသောအချက်များ မေးမြန်းနိုင်ပါကြောင်း တင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ နာယကကြီးဦးမြသိန်း၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးလှိုင်းအေး၊ ခတ္တူအုပ်ချုပ်ရေးမှုးတို့မှ မေးမြန်းခဲ့ရာ တိုင်း/ခရိုင် ရေအရင်းအမြစ် ညွှန်ကြားရေးမှူးများနှင့် ကုမ္ပဏီတာဝန်ခံအင်ဂျင်နီယာတို့မှ ပြန်လည် ရှင်းလင်းပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်း/ခရိုင် ရေအရင်းအမြစ်ဦးစီးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများ၊ နာယကအဖွဲ့နှင့် ဂေါပကအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်သူရပ်ကွက်သားများ၊ Creation Communications Int'I Construction Co,;Ltd ကုမ္ပဏီမှ အကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်ကြောင်း သိရသည်။
ရွှေမိုး(ပြန်ဆက်)


