mdn

လေးမျက်နှာ ဩဂုတ် ၃၀
          
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန်  ဆန်နှင့်ကြက်ဥများကို  ဈေးနှုန်း သက်သာစွာဖြင့် ယနေ့နံနက် ၇ နာရီမှ ၁၁နာရီထိ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်  မြို့နယ် ဆန်စပါး လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကာ  အိုင်သပြုလမ်းဆုံ၌ ရောင်းချပေး လျှက်ရှိကြောင်းသိရသည်။
          
အဆိုပါရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့်  မြို့နယ်စည်ပင်သာရေးအဖွဲ့ဝန်ထမ်းများက အိမ်ထောင်စုတစ်စုလျှင်  ဆန်(၂)ပြည်နှုန်းနှင့် တစ်ပြည်လျှင် ငွေကျပ် (၅၀၀)ကျပ်ဖြင့်လည်ကောင်း၊ကြက်ဥ (၁၀)လုံး (၁၀၀၀)ကျပ်နှုန်းဖြင့်လည်ကောင်း  ရောင်းချပေးလျှက်ရှိပြီး အာဟာရပြည့်ဝ၍  ပြင်ပပေါက်ဈေးထက်သက်သာသောစျေးနှုန်းများဖြင့်  ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဝေဝေ(လေးမျက်နှာ)