လေးမျက်နှာ၊ ၇ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒေါက်တာ နွယ်နွယ်အောင်နှင့် CAHW များပါဝင်သော အဖွဲ့သည် ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီတွင်လှော်ကထား ကျေးရွာတွင် တိရစ္ဆာန်များအား ဆေးကုသပေးခြင်း၊ သံချဆေး၊ အားဆေးများ(အခမဲ့)ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ဒေါက်တာနွယ်နွယ်အောင် ဦးဆောင်၍ ကျေးရွာအတွင်းရှိ နွား(၃၄) ကောင်၊ ဝက်(၂)ကောင်၊ ခွေး(၆)ကောင်၊ ကြောင်(၃)ကောင်တို့အား ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သံချဆေး၊ အားဆေးများ(အခမဲ့)ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)


