mdn

လေးမျက်နှာ  ၂၀   ဇွန်


 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက် နှာမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် ဒေသခံပြည်သူများအား သစ်ပင်များစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ ကျွန်းနှင့်မန်ဂျန်ရှားပျိုးပင် ၂၅၀၀၀ ကျော်ကို အခမဲ့ဖြန့်ဝေထားပြီးကြောင်း သိရသည်။

 

 

လေးမျက်နှာမြို့နယ်သစ်တောဦးစီးဌာန အနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ သစ်တော မပြုန်းတီးစေရေးအတွက် ရည်ရွယ်ပြီး ယခုနှစ် မိုးရာသီကာလတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၄၀၀၀၀ ကို အခမဲ့ဖြန့်ဝေပေးနိုင်ရန် ပျိုးထောင်ထားရှိပြီး ဇွန်လဆန်းမှ စတင်ဖြန့်ဝေလျက်ရှိရာ လေးမျက်နှာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံပြည်သူ များ၊ ကျေးရွာများသို့ ကျွန်းနှင့်မန်ဂျန်ရှားပျိုးပင် စုစုပေါင်း ၂၅၀၀၀ ကျော်ကို အခမဲ့ဖြန့်ဝေထားကြောင်း မြို့နယ်သစ် တောဉီးစီးအရာရှိ ဉီးကျော်မိုးဟိန်းထံမှ သိရသည်။

 

 

ဆက်လက်၍ ကျန်ရှိနေသည့် ပျိုးပင်များအား မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာအ တွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာနေပြည်သူများအား ဆက်လက်ဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 

 

ရွှေမိုး(လေးမျက်နှာ)