လေးမျက်နှာ  ၁၅ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား ၈၆၇ဦးအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ဖြင့် လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ ငွေကျပ် ၅၂၀၂၀ဝ၀ဝ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းတို့က မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား ၈၆၇ ဦးအတွက် လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် (၃)လစာအတွက် ငွေကျပ် ၃၀ဝ၀ဝနှင့် ကိုဗစ်-၁၉ ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ  (၃)လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝနှုန်းဖြင့် သက်ကြီးဘိုးဘွား ၈၆၇ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၂၀၂၀ဝ၀ဝ ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့အား လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်း၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

 

စိုးမိုးထွေး(ပြန်ဆက်)

 

mdn