လေးမျက်နှာ၊ ၁၄  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ဝါးတောကွင်းအုပ်စု ဝါးတောကွင်း ကျေးရွာမှ တောင်သူ (၃၂)ဦး၏ စပါးသီးနှံ စိုက်ဧက(၁၈၆)ဧကအတွက် စုစုပေါင်းချေးငွေကျပ် ၂၇၉ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေး သွင်းအားစုပစ္စည်းများ အချိန်မီ ဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများအချိန်မီဆောင်ရွက်နိုင်စေရန်အတွက် သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းများနှင့်အညီ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ဇွန်လ(၁)ရက်မှ စတင်ကာ ယနေ့ထိ ကျေးရွာ အုပ်စု(၁၅)အုပ်စုရှိ တောင်သူဦးရေ(၁၈၄)ဦး၊ ဧက(၁၃၂၁)အတွက် ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း(၁၉၈၁.၅)သိန်း ထုတ်ချေးပေးခဲ့ပြီး စပါးသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်း ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)

mdn