လေးမျက်နှာ ဒီဇင်ဘာ ၈

         

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်းကို  ယနေ့နံနက် ၉ နာရီက အဆိုပါရုံးသင်တန်းခန်းမတွင် စတင်ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်က သင်တန်းအဖွင့်အမှာစကား ပြောကြားသည်။

 

အဆိုပါ အင်ဂျင်အစိတ်အပိုင်း ပြုပြင်နည်းများ၊ ဆိုင်ကယ်တစ်စီးလုံး ပြုပြင်တပ်ဆင်နည်းများကို သင်ကြားပြသပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၈ ရက်မှ ဒီဇင်ဘာ  ၂၇ရက်နေ့အထိ ရက်ပေါင်း၂၀ ကြာမြင့်မည်ဖြစ်ကာ သင်တန်းတွင် သင်တန်းသား(၂၀) တက်ရောက်ပြီး  သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)