လေးမျက်နှာ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ စာစစ်ဌာနအသီးသီးတွင် ဧပြီ ၅ ရက်က ပဥ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။
လေးမျက်နှာမြို့နယ်တွင် စာစစ်ဌာန ခြောက်ခုရှိပြီး အထက(လေးမျက်နှာ) စာစစ်ဌာနတွင် စာရင်းရှိ ၄၆ ဦး၊ ဖြေဆိုသူ ၄၄ ဦးနှင့် ပျက်ကွက် နှစ်ဦးရှိကြောင်း၊ အထက(အိုင်သပြု) စာစစ်ဌာနတွင် စာရင်းရှိ ၇၀၊ ဖြေဆိုသူ ၆၈ ဦးနှင့် ပျက်ကွက် နှစ်ဦးရှိကြောင်း၊ အထက(ခမောက်စု) စာစစ်ဌာနတွင် စာရင်းရှိ ၃၁ ဦး၊ ဖြေဆိုသူ ၃၁ ဦးနှင့် ပျက်ကွက်မရှိ၊ အထက(မဲဇလီ) စာစစ်ဌာနတွင် စာရင်းရှိ ၃၈ ဦး၊ ဖြေဆိုသူ ၃၇ ဦးနှင့် ပျက်ကွက် တစ်ဦးရှိကြောင်း၊ အထက(ပန်းတောကြီး) စာစစ်ဌာနတွင် စာရင်းရှိ ၂၄ ဦး၊ ဖြေဆိုသူ ၂၃ ဦးနှင့် ပျက်ကွက် တစ်ဦးရှိကြောင်း၊ အထက(လှော်ကထား) စာစစ်ဌာနတွင် စာရင်းရှိ ၅၅ ဦး၊ ဖြေဆိုသူ ၅၂ ဦးနှင့် ပျက်ကွက် သုံးဦးရှိကြောင်း၊ တစ်မြို့နယ်လုံးအနေဖြင့် စာရင်းရှိ ၂၆၄ ဦး၊ ဖြေဆိုသူ ၂၅၅ ဦးနှင့် ပျက်ကွက် ကိုးဦးရှိပြီး ၉၆ ဒသမ ၅၉ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)