လေးမျက်နှာမြို့နယ်ရှိ စားသောက်ဆိုင်များနှင့် အခြားပစ္စည်းအရောင်းဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန် လိုက်လံပန်ကြား

လေးမျက်နှာ ၂   ဧပြီ   

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်သော ပြည်သူသို့ပန်ကြားချက်အား လေးမျက်နှာမြို့နယ်အတွင်းတွင် လိုက်လံအသိပေးနိုးဆော်ခြင်းကို ဧပြီ ၁ ရက် ညနေ ၆ နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ အသံချဲ့စက်ဖြင့် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်ကြားချက်တွင် မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ကျေးရွာအုပ်စုများတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အဖျော်ယမကာဆိုင်များ၊ လမ်းဘေးဆိုင်များ အားလုံးကို ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရေး ပူး ပေါင်းပါဝင်ကူညီဆောင်ရွက်ပါရန် မေတ္တာရပ်ခံပန် ကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဧပြီ ၁ ရက်မှစတင်၍ လေးမျက်နှာမြို့ နယ်အတွင်းရှိ မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာအသီး သီးတွင် ရောင်းချနေသော လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဘေးဆိုင်များနှင့်အခြား ပစ္စည်းများ ရောင်းချသည့် ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။

ရွှေမိုး(ပြန်ဆက်)