လေးမျက်နှာ ၁၈ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ကိုးဗစ်နိုင်ဆေးလျက်ဆား (KOBITAL MEDICAL SALT) ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်း၍ လေးမျက်နှာမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ကိုးဗစ်နိုင်ဆေးလျက်ဆား (KOBITAL MEDICAL SALT) ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသော ဆေးများနှင့် ပြည်သူများ သုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်ထားသောဆေးများ ရောင်းချခြင်းမပြုရန်၊ အရည်အသွေး ပြည့်မီသောဆေးများ ရောင်းချရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)


