လေးမျက်နှာ ၄ ဧပြီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊(လူထုဗဟိုပြုစီမံကိန်း) ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေ(၈၅ ဒသမ ၂၃)သန်းဖြင့် ဆေင်ရွက်သည့် ပြင်ဆင် ထိန်းသိန်းရေး လုပ်ငန်းများဖြစ်သည့် ကျေးလက်လမ်း၊ တံတား၊ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ စာသင်ကျောင်း များနှင့် ကျေးလက်ဆေးပေးခန်းများကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် လုပ်ငန်းခွဲပေါင်း ၂၉၂ ခု တစ်ရာရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများကို လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၃) အုပ်စု ကျေးရွာပေါင်း (၂၈၄) ရွာ တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပြီး စီးပြီဖြစ်၍ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသနေပြည်သူ ၁၀၉၇၈၃ တို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီး ပွားရေးတို့ကို တိုက်ရိုက်အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီး မှူး ဦးယဉ်မင်းဦးထံမှသိရသည်။
ရွှေမိုး(လေးမျက်နှာ)


