လေးမျက်နှာ ၁၇ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ မြစိမ်းရောင်စီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဝန်ထမ်းများမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက် အကျိုးကျေးဇူးနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ငွေစာရင်းထိန်းသိမ်းနည်းများကို သင်ကြားပို့ချခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လှည်းထောက်ကွင်းကျေးရွာနှင့် ကျွန်းတဲကျေးရွာမှ မြစိမ်းရောင်စီမံကိန်းကော်မတီဝင် (၁၄)ဦး တက်ရောက်ခဲ့သည်။

 

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှာ အရင်းမပျောက် လည်ပတ်ရံပုံငွေဖြင့် ငွေကျပ်သိန်း(၃၀၀) မတည်ထုတ်ချေးပြီး ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီမှတစ်ဆင့် အသင်းသူ/သားများအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်းများ၌ အထောက်အပံ့ရရှိစေရန် အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် မတည်ထုတ်ချေးပေးသည့် စီမံကိန်းဖြစ်ကြောင်း မြို့နယ် ကျေး/လက်ဦးစီး ဦးစိုးကျော်သူထံမှ သိရသည်။

ဝေဝေ(လေးမျက်နှာ)