လေးမျက်နှာ၊  ၁  ဇန်နဝါရီ

 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီခန့်က မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

 

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဝန်ထမ်းများက မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(B)ပိုး၊  ဦးနှောက်မြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်ရောဂါ (၁၁)မျိုးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတို့ကို တိုက်ကျွေးကြောင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေး ထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

ဝေဝေ(လေးမျက်နှာ)

a111