လေးမျက်နှာ ၁၂ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ် မြို့နယ်အဆင့် သင်္ချာအိုလံပစ် ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း လေးမျက်နှာ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်အဆင့် ကျင်းပပြုလုပ်သော သင်္ချာအိုပစ်ပြိုင်ပွဲကို လေးမျက်နှာမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ၈ တန်း ကျောင်းသားကျောင်းသူ ၃၇ ဦး၊ ၉ တန်း ကျောင်းသားကျောင်းသူ ၃၆ ဦးနှင့် ၁၀ တန်း ကျောင်းသားကျောင်းသူ ၂၆ ဦး၊ စုစုပေါင်း (၈၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ရွှေမိုး(ပြန်ဆက်)


