လေးမျက်နှာ  ၁၆   မတ်

 

MPT Sim Card မှတ်ပုံတင်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ဆောလျင်စွာ ပြီးစီးနိုင်ရေးအတွက် လေးမျက်နှာမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဝန်ထမ်းများမှ မတ်လ ၁၁ ရက်နေ့မှ စတင်၍ မြို့နယ် ဌာနဆိုင်ရာ ရုံးများနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောက်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

229

 

ယင်းသို့ ဆောင်ရွက်ရာတွင် လေးမျက်နှာမြို့ မြန် မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းတာဝန်ခံ ဦးသန်း ကိုဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့မှ မြို့နယ်ဌာ နဆိုင် ရာရုံးများရှိ ဝန်ထမ်းများ၏ ဖုန်း များတွင် ထည့်သွင်း အသုံးပြုလျက်ရှိသော MPT Sim card များအား စနစ်တကျ မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် 4G Sim card များ ချိန်းပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မှတ်ပုံမတင်ထားသော MPT Sim card များရှိပါက မိမိတို့ မြန်မာ့ဆက်သွယ်ရေးရုံးတွင် လာရောက်မှတ်ပုံတင်ကြ ရန်နှင့် မှတ်ပုံတင်မထားသော Sim card များအား ဧပြီလကုန်တွင် (One way block)  ဖြင့် အထွက် call ပိတ်သိမ်းသွားမည်ဖြစ်ပြီး အဝင် call ဖြင့်သာ ဖုန်းပြောဆိုနိုင်မည်ဖြစ်ကြောင်း မိုဘိုင်းတာဝန်ခံ ဦးသန်းကိုဦးထံမှ သိရသည်။

 

ရွှေမိုး(လေးမျက်နှာ)