လေးမျက်နှာ   ဒီဇင်ဘာ   ၁၃

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ပညာရေးပေါင်းစပ်၍ Physical Fitness Dance သင်တန်းဆင်းပွဲနှင့် လေးမျက်နှာမြို့နယ် အမျိုးသား အမျိုးသမီးပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်န ညနေပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူက အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် Physical Fitness Dance သင်တန်းသားများက ကပြဖျော်ဖြေခဲ့ပြီး အဆိုပါသင်တန်းသားများအား မြို့နယ်အားကစားမှူး ဦးတေဇာမျိုးက  သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ပိုက်ကျော်ခြင်းကစားသမားများအား အားကစားဝတ်စုံ၊ ထွက်စု၊ထွက်ပင်၊ ဖိနပ်နှင့်ခြေအိတ်များ ပေးအပ်ပြီး  လေးမျက်နှာမြို့နယ် ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအသင်းအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူက အောင်နိုင်ရေးအလံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)