လေးမျက်နှာ  ၁၉  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို  ယနေ့ နံနက်၁၀  နာရီက လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက အမှာစကား ပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ကျင်ဌေးက အပြန်အလှန် ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ရမည့် သတ်မှတ်ရက်များကို ရှင်းလင်းတင်ပြကာ ဌာနဆိုင်ရာများ အနေဖြင့်လည်း လုပ်ငန်းအောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်းတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်များ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)