လေးမျက်နှာ  ၁၆  မတ် 

 

ဟင်္သတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးကော်မတီတို့ပူး‌ပေါင်းအဖွဲ့သည် မတ် ၁၃ ရက် နံနက်ပိုင်းက လေးမျက်နှာမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင်  စပ်ဆေး၊ သက်တမ်း လွန်ဆေးများနှင့် ဆေးဝါးရောင်းချမှုလိုင်စင် ရှိ၊ မရှိကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

7729

 

ထိုသို့ စစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတိုးဝေအောင်၊ ဒုကြီးကြပ်ရေးမှူး နန့်ရွှေဝတ်မှုံနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များဖြစ်ကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် လေးမျက်နှာမြို့ပေါ်တွင် ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင်များ၌ လတ်တလော ကိုယ်ပူ၊ ခေါင်းအုံ၊ ခေါင်းကိုက်၊ ဖျားနာ၊ ဒူးနာ၊ ခါးနာစသည့် ရောဂါများသက်သာစေရန်အတွက် စပ်ဆေးများ တွဲဖက်ရောင်းချခြင်း၊ သတ်မှတ်ထားသည့် သက်တမ်းထက် ကျော်လွန်နေသော ဆေးများအား ဆက်လက်ရောင်းချနေခြင်း၊ ဆေးဝါးရောင်းချမှုလိုင်စင် ကိုင်ဆောင်ထားခြင်းမရှိဘဲ လိုင်စင်မဲ့ရောင်းချခြင်းနှင့် လိုင်စင်သက်တမ်းကုန် ဆုံးနေသော်လည်း သက်တမ်းမတိုးဘဲ ရောင်းချနေသော ဆေးဆိုင်များအား ရှောင်တစ်ခင် ဝင်ရောက်စစ်ဆေးခဲ့ကြသည်။

 

4868

 

ယင်းနောက် ဆေးဆိုင်ပိုင်ရှင်များအား ဆေးဝါးရောင်းချမှု ကျင့်စဉ်များကို လိုက်နာဆောင်ရွက်ကြရန်၊ ဆေးဝါးရောင်းချမှု လိုင်စင်ရှိမှသာ ရောင်းချကြရန်၊  သက်တမ်းကုန်ဆုံးနေသော ဆေးလိုင်စင်များအား လိုင်စင် သက်တမ်းတိုးမှသာ ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြပြီး လိုက်နာဆောင်ရွက်ခြင်း မရှိသော ဆေးဆိုင်များအား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ရွှေမိုး(လေးမျက်နှာ)