လေးမျက်နှာ ၂၁ ဒီဇင်ဘာ   

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာကြံ့ခိုင်စေရန်အတွက် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် ယနေ့ နံနက် ၅ နာရီခွဲက ကျင်းပခဲ့သည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်‌ဇေဝဏ္ဏသူ ဦးဆောင်သော ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ ပူးပေါင်းပါဝင်ကာ လေးမျက်နှာမြို့ ဗိုလ်ချုပ်လမ်းဆုံ၌ စုစည်း၍ စိန်အောင်မင်း လှေဆိပ်အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့အားကစားကွင်း၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတေဇာမျိုးဦးဆောင်၍ ကိုယ်လက်လှုပ်ရှားအားကစား ကာယလေ့ကျင့်ခန်းများကို တေးသီချင်းနှင့်အတူ ပျော်ရွှင်စွာစုပေါင်းလိုက်ပါပြုလုပ်ခဲ့ကြသည်။ 

 

a

 

ထို့နောက် အလယ်တန်းအဆင့် ကျား/မ လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲနှင့် ထုတ်စည်းထိုးပြိုင်ပွဲများကို ကျင်းပခဲ့ရာ ပြိုင်ပွဲအလိုက် ဆုရရှိသူများအား ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ကြသည်။


ဆက်လက်၍ မြို့နယ်အားကစားခန်းမ၌ အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးခဲ့ပြီး ဒီဇင်ဘာနောက်ဆုံးပတ် ၂၈ ရက်နေ့တွင် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။


ရွှေမိုး(ပြန်ဆက်)