တောင်တွင်းကြီး  ၁၅ မေ 

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်က လေပြင်းတိုက်ခက်မှု ကြောင့် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခက်မှုကြောင့် သစ်ရာအုပ်စု လယ်ပြင်သာကျေးရွာမှ ဦးမြင့်ကြိုင်၏ နေအိမ်မှ သွပ်(၂၄)ချပ် အမိုးလန်ပျက်စီးခဲ့ပြီး လက်တက်အုပ်စု၊ လက်တက်ကျေးရွာမှ ဦးမောင်စိုး၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းအိမ်မှ သွပ်(၂၉)ချပ်၊ မြှား(၈)ချောင်း၊ ဒိုင်း(၅)ချောင်းတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခက်မှုကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)