နေပြည်တော်  ၄  ဧပြီ

 

တိုင်းဒေသကြီး/ပြည်နယ်အချို့၌ မတ်လ ၃၀ မှ  ဧပြီ ၄ ရက်အထိ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ဖြစ်ပွားခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မြို့နယ် (၄)ခုတွင် နေအိမ်(၂၃)လုံး၊ ချင်းပြည်နယ်၊ မြို့နယ်(၆)ခုတွင် နေအိမ်(၄၁၉)လုံး၊ ဘာသာရေး အဆောက်အဦ(၂၃)လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၁၁)ခုတွင် နေအိမ်(၃၉၉)လုံး၊ ဘာသာရေး အဆောက်အဦ(၆)လုံး၊ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၅)ခုတွင် နေအိမ်(၇၄၇)လုံး၊ ဘာသာရေး အဆောက်အဦ (၇)လုံး၊ ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်(၄)ခုတွင် နေအိမ်(၁၁၇)လုံး၊ စုစုပေါင်း နေအိမ်(၁၇၀၅)လုံး၊ ဘာသာရေးအဆောက်အဦ(၃၆)လုံး အမိုးအကာများပျက်စီးခဲ့ကြောင်း သိရသည်။

 

mdn

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ တိုင်းဒေသ ကြီး/ ပြည်နယ်ရုံးများ၊ ခရိုင်ဉီးစီးမှူးရုံးများမှ ဘေးသင့်နေရာများသို့ အမြန်ဆုံးသွားရောက်ထောက်ပံ့ ပေးလျက်ရှိရာ ငွေသားနှင့်ပစ္စည်းစုစုပေါင်း  ကျပ်(၂၀၂)သိန်းကျော် ထောက်ပံ့ပေးခဲ့ပြီး ဆက်လက်၍ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နွေရာသီကာလမတ်လနှင့်ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ လေပြင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွခြေင်းတို့ဖြစ်ပွားတတ်သဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ဝ၆၇-၃၄၀၄၆၆၆ နှင့် ဝ၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်းလည်း သိရသည်။

 

MDN

 

mdn