သရက် ၁၁ မေ
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ဆင်ကော်ကျေးရွာအုပ်စု ညောင်လေးပင်ကျေးရွာနှင့် သီကုန်း ကျေးရွာတို့တွင် ယမန်နေ့ ညနေ(၅)နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အိမ်(၆)လုံး အမိုးများ လန်၍ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်လေးပင်ကျေးရွာတွင် နေအိမ်တစ်လုံးမှ သွပ်(၁၈)ချပ် အမိုးလန် ပျက်စီးခဲ့ပြီး သီးကုန်းကျေးရွာတွင် အိမ်(၅)လုံး အမိုးလန်ခဲ့ရာ သွပ်(၃၆)ချပ်နှင့် မျှာတန်း(၈) ချောင်း ပျက်စီးခဲ့ကာ လူနှင့်တိရစ္ဆာန် သေကြေပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)


