မော်လမြိုင်ကျွန်း၊       ၁၂      ဇွန်

 

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊  ဝါးနက်ချောင်းကျေးရွာအုပ်စု၊ ငှက်တော်ကျေးရွာ၌ ဇွန် ၁၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် မိသားစုတစ်စုမှ ဘေးသင့်ပြည်သူ ခုနစ်ဦးအတွက် ထောက်ပံ့‌ငွေနှင့် ကယ်ဆယ်‌ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၁၁ ရက် ညနေ ၅ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌  ထောက်ပံ့ပေးအပ်ခဲ့သည်။                                                   

အဆိုပါ‌ နေအိမ်ပျက်စီးမှုအတွက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများ က အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀၀ ကျပ်၊ ဆန်ရိက္ခာ ခုနစ်ရက်စာအတွက် ၁၄၇၀၀ ကျပ်၊ စုစုပေါင်း  ၁၁၄၇၀၀ ကျပ်နှင့်  ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ တစ်ပုံးတို့အား  ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်အောင်(ပြန်/ဆက်)