ဖလမ်း ၆ သြဂုတ်
လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်၊ တလန်ဇောလ်ကျေးရွာအုပ်စုအတွင်း တောင်သူ(၁၂)ဦးပိုင် ပြောင်းဖူး(၃၃)ဧက ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဖြစ်စဉ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့နံနက် ၅ နာရီခန့်က ဖလမ်းမြို့နယ်၊ တလန်ဇောလ် ကျေးရွာအုပ်စုရှိ ဇောလ်သဲကျေးရွာနှင့် ဝုမ်ဟာခုမ်း(မွန်ထာ)ကျေးရွာနေ တောင်သူ (၁၂)ဦး၏ ပြောင်းဖူး (၃၃)ဧက ပျက်စီးသွားကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်