ပိုင်ကျုံ ၁၀ အောက်တိုဘာ
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ နောင်ခွီးကျေးရွာတွင် အောက်တိုဘာ ၁၀ရက် နံနက် ၁ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲရာ လူနေအိမ်(၁)လုံးအမိုးပျက်စီးကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပိုင်ကျုံမြို့ နောင်ခွီးကျေးရွာနေ ဒေါ်အေးတင်နေအိမ်မှာ အမိုးပျက်စီးပြီး သစ်ပင်ပိနေခြင်းကြောင့် (၄''×၂")သစ် (၂၀)ချောင်း၊ (၃"×၂")သစ် (၂၀)ချောင်း၊ (၇')သွပ် (၁၀) ချပ်၊ (၁၂')သွပ် (၁၀)ချပ် ပျက်စီးဆုံးရှုံးခဲ့ရ ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုနှင့် ပတ်သက်၍ ရှင်းလင်းရေးလုပ်ငန်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာသူ/သားများမှ ဆောင်ရွက်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)


