ပန်းတနော်  မေ  ၄

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများသည် မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မေ ၂ ရက် ညနေပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် အမိုးလန်ပြိုကျပျက်စီးသွားသော စာသင်ကျောင်းနှင့် လူနေအိမ်များအား မေ ၃ ရက်က ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ရာတွင် ပြိုကျပျက်စီးသွားသော ဘဝိုင်းကျေးရွာအုပ်စု၊ လှည်းဆိပ်ကျေးရွာရှိ မူလတန်းလွန်ကျောင်း ဝါးကျောင်းဆောင်အား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် တွက်ချက်တင်ပြရန် ဝန်ကြီးချုပ်က မှာကြားခဲ့ပြီး လေဘေးကြောင့် ပြိုကျပျက်စီးသွားသော အိမ် ၁၅ လုံးအတွက် တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းနှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၈ မျိုးပါ တစ်ပုံးစီ၊ အမိုလန်ပျက်စီးသွားသော အိမ် ၄၅ လုံးအတွက် တစ်အိမ်လျှင် ငွေကျပ်သုံးသောင်းနှုန်းစီဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)