သာပေါင်း ၂၇ စက်တင်ဘာ
လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပေးအပ်ခဲ့သည်။
စက်တင်ဘာလ ၂၁ ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်၊ ခေနန်ကျေးရွာအုပ်စု၊ အောက်စုကျေးရွာတွင် နေအိမ် (၂)လုံး ပြိုကျပျက်စီးကာ ထိခိုက်ဆုံးရှုံခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့ပစ္စည်းများကို ထိခိုက်ခံစားရသူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း



