ပုဗ္ဗသီရိ ၁၃ မေ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မေ ၁၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သရက်ပင်ကျေးရွာနှင့် ကန်ဇွန်းအင်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်၊ ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးဝေဝင်း နှင့် တာဝန်ရှိသူများက သရက်ပင်ကျေးရွာ၊ ကန်ဇွန်းအင်းကျေးရွာ၊ ပုဇွန်ဆိတ်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ် ၃၄ လုံးအတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေ ၃၀၀၃၀၀ ကျပ်၊ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ ၁၃၂၂၀၀၀ ကျပ် စုစုပေါင်းငွေကျပ် ၁၆၂၂၃၀၀ တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)


