လေရှီး ဇူလိုင် ၁၈
နာဂဒေသ၊ လေရှီးမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် စျေးဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဖွင့်လှစ်ထားရှိမှုရှိ၊ မရှိကို မြို့နယ် ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင်နှင့်အဖွဲ့ဝင်များက ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရုံးချိန်၌ မိမိတို့ရုံးဌာနတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေခွာကွာ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ နေရာစနစ်တကျ စီစဉ်ထားရှိမှု ရှိ/မရှိ၊ လက်သန့်ဆေးရည်များ ထားရှိမှု ရှိ/မရှိ တို့ကိုစစ်ဆေးပြီး အပြင်သို့သွားလာပါက နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ရန် မှာကြာပြီး စျေးဆိုင်များတွင် ကိုဗစ်-၁၉ စည်းကမ်းအရ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများကို စနစ်တကျလိုက်နာကြရန် အသိပေးရွက်ခဲ့ကြောင်း သိရသည်။
မြိုနယ်(ပြန်/ဆက်)


