လေရှီး၊  ၁၉ ဒီဇင်ဘာ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်၂၈၇ ဒသမ၂၄၂ သန်းဖြင့် လေရှီးမြို့နယ် ဆွမ္မရာ-မိုပိုင်းလွတ် (ဟုမ္မလင်းမြို့)မြို့နယ်ချင်းဆက် လမ်းပေါ်ရှိ ပေ ၅၀ သံကူကွန်ကရစ်တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လေရှီးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လင်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၆ ရက်က တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း  သိရသည်။

အဆိုပါ သံကူကွန်ကရစ်တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးသွားပါက လေရှီးမြို့နယ်နှင့် ဟုမ္မလင်း မြို့နယ် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသခံကျေးရွာ ၁၅ ရွာ၊ အိမ်ခြေ ၁၀၅၀ နှင့် လူဦးရေ ၅၆၀၀ တို့၏ ပညာရေး၊ စီးပွားရေး၊ လူမှုဘဝများအတွက် များစွာအထောက်အကူပြုလာမည်ဖြစ်ကြောင်း သိရသည်။ 

ဂျိုင်းလော(သတင်းစဉ်)