လေရှီး ၃၀ နိုဝင်ဘာ
နာဂဒေသ၊ လေရှီးမြို့တွင်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဘချို၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဦးလာပဲနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မြို့တွင်းလမ်းနှင့် မြို့တွင်းသန့်ရှင်း သာယာလှပရေးကို ယနေ့နံနက် ၉ နာရီအချိန် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခဘိုး(လေရှှီး)