လေရှီး  ၂၁  ဇူလိုင် 

 

နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (Covid-19 Economic  Relief Plan (CERP)) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြိုနယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လေရှီးမြို့နယ်၊ ကူကီးရွာမကျေးရွာအုပ်စု၊ ကူကီးရွာမကျေးရွာ၌   Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ကူကီးရွာမကျေးရွာ အ.မ.က၌ ကျင်းပသည်။

 

အခမ်းအနားတွင် လေရှီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့က Cash for Work စီမံကိန်းနှင်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းစဉ် အဆင့်ဆင့်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် လေရှီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျေးရွာကော်မတီဝင် (၇)ဦးအား ကျေးရွာလူထုမှ မဲပေးစနစ်ဖြင့် ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ Cash for Work စီမံကိန်းကို လေရှီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၃ ရွာတွင်  အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေရှီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဇော်မင်းဌေး