mdn

စစ်ကိုင်း   အောက်တိုဘာ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ရေဒေါင်ကျေးရွာ အမကတွင် အောက်တိုဘာ ၈ ရက်က စတုတ္ထအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
  
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင် ဦးဆောင်၍ ဒေသဦးစီး ကိုယ်စားလှယ် ဦးကြူးစီးထောင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့်၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးဦးစီးဌာန၊ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးအဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ၎င်း‌ကျေးရွာရှိ ပြည်သူ ၄၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆိုင်းသား(ပြန်/ဆက်)