လေရှီး၊  ၅  ဖေဖော်ဝါရီ 


နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေ (၅၀ ဒသမ ၃၂၉) သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် လေရှီး- ဂျီလာ- သာယာ မြေသားလမ်း၊ အကျယ် ၂၆ ပေ၊ လမ်းဘေးရေမြောင်း ၃ ပေအပါအဝင် (၁/၀)မိုင် အပြီးသတ်ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ခွင့်ပြု ငွေကျပ်(၁၃ ဒသမ ၇၂၄ )သန်းဖြင့် ( ၅ x၅ x၂၆) ပေအကျယ် Box Culvert (၂) စင်း တည်ဆောက်ခြင်း လုပ်ငန်းများအား လေရှီးမြို့နယ် အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် လေရှီးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်လင်း တို့အဖွဲ့သည့် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 


အဆိုပါ လေရှီး-ဂျီလာ-သာယာ မြေသားလမ်း(၁၃/၀)မိုင်ရှိသည့်အနက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင်(၁၀/၀)မိုင်အားလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်(၂/၀)မိုင်အားလည်းကောင်း ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်(၁/၀)မိုင် ဖောက်လုပ်လျက်ရှိပြီး ၎င်းလမ်း ပြီးစီးပါက ကျေးရွာပေါင်း (၇)ရွာ၊ အိမ်ထောင်စု(၂၅၈)စု၊ လူဦးရေ(၁၈၀၀)ဦးတို့အတွက် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍ အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။ 


မွှေးကြူဇင်