လေရှီး  ၂၇  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်ရှိ  ကျေးရွာ ၈ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ  ၉၀ ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရှိရသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများကို ဝမ်းဘဲအုပ်စု၊ ကုံကိုင်လုံအုပ်စု၊ ဖိုင်လင်ကွတ်အုပ်စု၊ လေတိန်အုပ်စု၊ ထိန်းဖာရံအုပ်စု၊ ရန်နွေးအုပ်စု၊ ကူကီးအုပ်စုတို့တွင် ကျေးရွာခန်းမဆောင် (၆) ခုကို အလျား ၄၅ ပေ၊ အနံ ၂၇ ပေ၊ အမြင့် ၁၂ ပေဖြင့် သွပ်မိုး၊ ပျဉ်ကာ၊ Slab ခင်း စသည့် တည်ဆောက်ခြင်းလုပ်ငန်း၊ ဝန်ထမ်းအိမ်ရာ (၂) လုံးကို  အလျား ၄၅ ပေ၊ အနံပေ ၂၀ ၊ အမြင့် ၉ ပေ ဖြင့် တစ်လုံး၊ အလျား ၂၄ ပေ၊ အနံ ပေ ၂၀၊ အမြင့် ၉ ပေ ဖြင့်တစ်လုံးအတွက် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ကျေးရွာတွင်း လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း၊ လေရှီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့ က ပြောကြားသည်။

 

မွှေးကြူဇင်