လေရှီး   ၁၂  ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်ရှစ်ခုဖြင့်  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ အတွင်းရေးမှူး ထံမှ သိရသည်။

“စစ်ဆေးရေးဂိတ် ရှစ်ခုထားပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါကြောင်း၊ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား စစ်ဆေးရန်ထားရှိသည့် ဂိတ်များမှာ ချယ်ရာကျေးရွာတွင် စစ်ဆေးရေးဂိတ်တစ်ခု၊ ဟိန်ကွတ်ကျေးရွာတွင် စစ်ဆေးရေး ဂိတ်တစ်ခု၊ ပန်ဆပ်ကျေးရွာ စစ်ဆေး ရေး ဂိတ်တစ်ခုနှင့် ဆွမ္မရာမြို့တွင် စစ်ဆေးရေးဂိတ်တစ်ခု၊ စုစုပေါင်းလေးခုဖြင့်လည်းကောင်း၊ အခြားမြို့နယ်များမှ ဝင်ရောက်လာသူများအား စစ်ဆေးရန်အတွက် ရန်နွေးကျေးရွာတွင် စစ်ဆေး ရေး ဂိတ်တစ်ခုနှင့် လေရှီးမြို့ပေါ်တွင် စစ်ဆေးရေးဂိတ်သုံးခုဖြင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်နဲ့အညီ အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း တပ်ခြင်းမရှိပါက နှာခေါင်စည်းများ အခမဲ့ပေးဝေခြင်း၊ လက်ဆေးခြင်းတို့ကို ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များဖြင့် ပူးပေါင်းဆောင် ရွက် လျက်ရှိပါကြောင်း ” အတွင်းရေးမှူး  ဦးဝင်းနိုင်မြင့် က ဆက်လက်ပြောကြားသည်။

မွှေးကြူဇင်